မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသည် နေ့တက်ကျောင်းဖြစ်၍ ဦးစီးဌာန၏ ရန်ပုံငွေခေါင်းစဉ် အောက်မှ ကလေးတစ်ဦးလျှင် (၆၀၀၀)နှုန်းဖြင့် နေ့လည်စာထမင်းနှင့် ဖြည့်စွက်စာ အာဟာရများ ကျွေးမွေးလျှက်ရှိပါသည်။
မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၌ ဌာန၏ ခွင့်ပြုမိန့်ဖြင့် အထက်တန်း သူနာပြုဆရာမ တစ်ဦး(တွဲဘက်) ထားရှိပါသည်။ ကလေးများ အရေး ပေါ် ထိခိုက်နေထိုင် မကောင်းဖြစ်ပါက ကျောင်းရှိ ဆေးဝါးများဖြင့် ကလေးများကို ကုသ ပေးပါသည်။ လိုအပ်ပါက မိဘများထံသို့ ဆက်သွယ်အကြောင်း ကြားပေးပါသည်။
ဆေးဘက်ဆိုင်ရာ ကုသခြင်းဖြစ်သော ရူပကုထုံးကိုလည်း အကြောအဆစ်ကုပညာရှင်(Physiotherapist) တစ်ဦးမှ ကာယ လေ့ကျင့်ခန်းများဖြင့် လေ့ကျင့်သင်ကြား ပေးလျှက်ရှိပါသည်။
● ကလေးများသည် အမှီအခိုကင်းမဲ့စွာ လူမှုဘဝအတွင်းတွင် ရပ်တည်နိုင်ရန်။
● ဝင်ငွေရှာဖွေနိုင်သူများ ဖြစ်လာစေရန်။
● မသန်စွမ်းသူများအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေး တောင်းဆိုလာနိုင်ရန်။
● ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရရန်။
● လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ နေထိုင်ရန်။
မသန်စွမ်းကလေးများအား အကြိုသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးရန်။
အသက်(၆)နှစ်မှ (၁၈)အတွင်းရှိ အောက်ပါ ကိုယ်အင်္ဂါမသန်စွမ်းနှင့် ဉာဏ်ရည်မမီသူများကို လက်ခံသင်ကြားပေးပါသည်။
● ဉာဏ်ရည်မမီ (Intellectual Disability )
● ဒေါင်း(စ်)ဆင်ဒရွန်း( Down’s Syndrome)
● သူငယ်နာအကြောတင်း (Cerebral Palsy )
● အော်တစ်စင် ( Autism )
● ခြေမစုံ၊ လက်မစုံ (Amputte )
● အတက်ရောဂါ ( Epilepsy )
ကလေးများကို ပထမဦးစွာ ၎င်းတို့နှင့် သင့်လျော်မည့် ဉာဏ်ရည်တူ အုပ်စုများအလိုက် အတန်းများခွဲ၍ သင်ကြားပေးပါသည်။
ကိုယ်အင်္ဂါ မသန်စွမ်းသော်လည်း ဉာဏ်ရည်မမီသော ကလေးများကို အခြေခံမူလတန်းစာများ စတင်သင်ကြားပေးလျှက်ရှိပါသည်။
ဉာဏ်ရည်မမီကလေးများအား အခြေခံအရေး၊ အဖတ်၊ အတွက် ပညာများအား အထူးပညာရေးစနစ်ဖြင့် သင်ကြားပေးပါသည်။
ကလေးတိုင်း မိမိဘာသာရပ်တည်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးပါသည်။
စာပေပညာ သင်ကြားပေးခြင်းအပြင် အက၊ ပန်းချီ၊ လက်မှု၊ ပုံပြင်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ကစားခြင်းတို့ကို သင်ကြားပေးပါသည်။